HOME      ABOUT US      Compassion – Mrs. Poht Poht Kyi
  Back

Compassion – Mrs. Poht Poht Kyi

ရင့်ကျက်လာတဲ့အခါ မေတ္တာတရားက လျှို့ဝှက်ချက်ဘဲ။ဒါ့ကြောင့် ဘာဘဲကြုံကြုံ ဘယ်လိုအခက်အခဲတွေဘဲတွေ့တွေ့ မေတ္တာတရားရင်ထဲထားပြီး အမုန်းမပွားဖို့ကို ခဏခဏ သိတိပေးတက်လာတယ်။ ရင့်ကျက်လာတဲ့အခါ ပူလောင်ရှုတ်ထွေးတဲ့ ပတ်ဝန်းကျင်ထက် ရှင်းလင်းဖြူစင်တဲ့နေရာမှာ ပိုနေချင်လာတယ်။ရှင်းလင်းဖြူစင်တဲ့သူတွေရဲ့တန်ဖိုးကို ပိုသိလာတယ်။လောကကြီးမှာ တကယ့်ကို ပျော်ရွှင်ငြိမ်းချမ်းချင်ရင်ဆိုတဲ့ လှို့ဝှက်ချက်ကို ရှာမိတယ်။နေ့စဉ် ကျွန်မတို့တွေ လှုပ်ရှားသွားလာ အလုပ်လုပ်ကိုင်တဲ့အချိန်မှာ သိသိရက်နဲ့ရော မသိလိုက်မသိဘာသာရော တွေ့ရတဲ့ အပူအပင်တွေ မကောင်းတဲ့စိတ်တွေ အမုန်းတရားတွေက များလှပါတယ်။ သိပြီးတစ်မျိုးမသိပြီး တစ်မျိုး အမျိုးမျိုးသောပူလောင်မှုတွေနဲ့ ပူလောင်လှပါတယ်ရှင်။အဲဒီ ပူလောင်မှုတွေ အမုန်းတွေ အခက်အခဲတွေ ၊ ကိုယ့်ကို မလိုတဲ့သူတွေ ၊ကိုယ်နဲ့အဆင်မပြေတဲ့သူတွေ ၊အခက်အခဲတွေကြားမှာ ငြိမ်းချမ်းအောင်နဲ့ တကယ့် အောင်မြင်မှု ကို အရောက်သွားတဲ့အခါမှာ မေတ္တာတရာရဲ့တန်ဖိုးကို ပိုနားလည်လာတယ် သူများ မုန်းတိုင်းမုန်းရင်သူများရဲ့ပူလောင်မှု နဲ့သူများရဲ့အကုသိုလ်က ကိုယ့်ဆီကို ကူးလာပါတယ် ။ သူများ မဟုတ်တာလုပ်လို့ ကိုယ်လိုက်လုပ်မိရင် ကိုာ့်တန်ဖိုးက သူ့အတွက်ကျသွားတက်ပါတယ်။ ပြီးတော့ မကောင်းတာတစ်ခု အမုန်းစကားတစ်ခုပြောတော့မယ်ဆို မကောင်းစိတ်က အရင်သူ့အတွက် ရင်ထဲထားရမှာဆိုတော့ ဖြူစင်တဲ့ ကျွန်မတို့ရဲ့စိတ်လေးတွေ ညစ်နွမ်းသွားတက်ပါတယ်။ အဲဒါကြောင့် အမုန်းတရားတွေအစား ချစ်ခြင်းမေတ္တာတရားတွေဘဲရင်ထဲထားရအောင်နော် မေတ္တာတရား ရင်ထဲထားရင် တကယ့်အကျိုးကျေးဇူးများကို ရေရှည်မှာခံစားရပါတယ်။ အနည်းဆုံးတို့ ကျွန်မတို့ငြိမ်းချမ်းပါတယ်ရှင် ချစ်တဲ့ မပို့ ❤️


No.1, Zay Myauk Street, Phayar Gyi Ward, Dagon Township, Yangon, Myanmar.

+951 380 233-234 +959 732 10001

info@miu-education.com

Made in Myanmar High Society Co., Ltd.