HOME      ABOUT US      True Value of a Youth - Mrs. Poht Poht Kyi
  Back

True Value of a Youth - Mrs. Poht Poht Kyi

True value of a youth❤️❤️❤️ MIU ရဲ့ အိပ်မက်ရပ်ဝန်းလေးကနေ နွေးထွေးစွာနဲ့ ကြိုဆိုလိုက်ပါတယ်❤️ ဒီနေ့ ချစ်ရတဲ့လူငယ်တွေအားလုံးအတွက် “လူငယ်တစ်ယောက်ရဲ့ တန်ဖိုး” အကြောင်းကို ဆွေးနွေးပေးချင်ပါတယ်။ 😊 Have you ever imagine what will happen when hardwork, dedication and passion of a youth come together in hand? 📚❤️❤️ လူငယ်တစ်ယောက်ရဲ့တန်ဖိုးဆိုတာ❤️❤️❤️ လူငယ်တစ်ယောက်ရဲ့ ကြိုးစားမှု၊ သင်ယူမှု၊ ဇွဲရှိမှု ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ယုံကြည်ချက်တွေပေါင်းလိုက်ရင် ဘာတွေဖြစ်လာမယ်ထင်လဲ? 📚❤️❤️ တကယ်ဆိုတော့ လူငယ်တွေဆိုတာ လုပ်ချင်စိတ်၊ စွန့်စားလိုစိတ် အပြည့်ရှိတယ်။ အိပ်မက်တစ်ခုကို တကယ်လိုချင်၊ ဖြစ်ချင်လာပြီဆိုရင် မျက်လုံးအရောင်တောက်တောက်လေးတွေဖြစ်လာတယ်။ ဒီအိပ်မက်တွေအတွက် မေးခွန်းတွေအများကြီးမေးလာတယ်၊ စူးစမ်းလိုစိတ်အပြည့်နဲ့ လေ့လာကြတယ်၊ ပြီးတော့ ဒီအိပ်မက်ဆီကို မရောက်ရောက်အောင် ကြိုးစားလာကြတယ်။ ဒီလိုချစ်ဖို့ကောင်း အင်အားတွေအပြည့်ရှိနေတာကိုက “လူငယ်တစ်ယောက်ရဲ့တန်ဖိုး” လို့ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။😊 အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ မျက်လုံးအရောင် တောက်တောက်လေးတွေနဲ့အတူအိပ်မက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။❤️🙏 ချစ်တဲ့ မပို့ ❤️


No.1, Zay Myauk Street, Phayar Gyi Ward, Dagon Township, Yangon, Myanmar.

+951 380 233-234 +959 732 10001

info@miu-education.com

Made in Myanmar High Society Co., Ltd.