HOME      ABOUT US      Imperial Talks & Articles


IMPERIAL TALKS

Myanmar Imperial College regularly organizes talks on a wide variety of topics delivering academic knowledge related with Business, Management, Marketing, and Leadership by our Management Board Members, Academic Board Members, Academic Faculty Members led by our beloved Founder, Mrs. Poht Poht Kyi. These talks are hosted and shared with the great intention to deliver and share a great amount of knowledge, insights, and inspiration for our society and youths in aiding them to fulfil their brightest dreams to come true. We just would like to share what we value with everyone.

Talk-2 (True Value of a Youth - Mrs. Poht Poht Kyi)

True value of a youth❤️❤️❤️ MIC ရဲ့ အိပ်မက်ရပ်ဝန်းလေးကနေ နွေးထွေးစွာနဲ့ ကြိုဆိုလိုက်ပါတယ်❤️ ဒီနေ့ ချစ်ရတဲ့လူငယ်တွေအားလုံးအတွက် “လူငယ်တစ်ယောက်ရဲ့ တန်ဖိုး” အကြောင်းကို ဆွေးနွေးပေးချင်ပါတယ်။ 😊 Have you ever imagine what will happen when hardwork, dedication and passion of a youth come together in hand? 📚❤️❤️ လူငယ်တစ်ယောက်ရဲ့တန်ဖိုးဆိုတာ❤️❤️❤️ လူငယ်တစ်ယောက်ရဲ့ ကြိုးစားမှု၊ သင်ယူမှု၊ ဇွဲရှိမှု ဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ယုံကြည်ချက်တွေပေါင်းလိုက်ရင် ဘာတွေဖြစ်လာမယ်ထင်လဲ? 📚❤️❤️ တကယ်ဆိုတော့ လူငယ်တွေဆိုတာ လုပ်ချင်စိတ်၊ စွန့်စားလိုစိတ် အပြည့်ရှိတယ်။ အိပ်မက်တစ်ခုကို တကယ်လိုချင်၊ ဖြစ်ချင်လာပြီဆိုရင် မျက်လုံးအရောင်တောက်တောက်လေးတွေဖြစ်လာတယ်။ ဒီအိပ်မက်တွေအတွက် မေးခွန်းတွေအများကြီးမေးလာတယ်၊ စူးစမ်းလိုစိတ်အပြည့်နဲ့ လေ့လာကြတယ်၊ ပြီးတော့ ဒီအိပ်မက်ဆီကို မရောက်ရောက်အောင် ကြိုးစားလာကြတယ်။ ဒီလိုချစ်ဖို့ကောင်း အင်အားတွေအပြည့်ရှိနေတာကိုက “လူငယ်တစ်ယောက်ရဲ့တန်ဖိုး” လို့ အဓိပ္ပာယ်ဖွင့်ချင်ပါတယ်။😊 အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ မျက်လုံးအရောင် တောက်တောက်လေးတွေနဲ့အတူအိပ်မက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။❤️🙏 ချစ်တဲ့ မပို့ ❤️

Talk-3 (To the Dreams – U Thura Maung @ Colin”)

“Striving for dream that you believe in requires great amount of determination and persistence.” 🌟"အိပ်မက်ဆိုတာမက်ရတာလွယ်ပါတယ်..ဒါပေမယ့် အမြဲရှင်သန်နေအောင်ပြုစုဖို့နဲ့ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် လျှောက်ရတဲ့လမ်းက ကြမ်းတာပါ"🌟 ဦးသူရမောင်@Colin Director, AYA Bank Master of Business Administration Myanmar Imperial College 🌟ယုံကြည်တဲ့ အိပ်မက်တွေအတွက် ဇွဲမလျှော့ပဲကြိုးစားအကောင်အထည်ဖော်ခဲ့တဲ့ ဦးသူရမောင် အိပ်မက်များဆီသို့🌟 🇲🇲ကျွန်မတို့ MIC ကျောင်းတော်ကြီးနဲ့ အင်္ဂလန်နိုင်ငံရှိ University of Northampton တို့ ပူးပေါင်းဖွင့်လှစ်တဲ့ MBA Programme ရဲ့ ကျောင်းသားတစ်ဦးဖြစ်သလို မြန်မာနိုင်ငံအတွက် ဂုဏ်ယူအားထားရတဲ့ AYA Bank ရဲ့ Director တစ်ဦးလည်းဖြစ်တဲ့ ဦးသူရမောင် ကိုယ်တိုင် ဝေမျှပေးထားတဲ့ အိပ်မက်တွေအကြောင်းကို အခုလိုပဲဝေမျှပေးလိုက်ရပါတယ်ရှင်😇 မြန်မာနိုင်ငံမှ လူငယ်များအားလုံးလည်းအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး အနာဂါတ်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်ပါစေလို့ MIC ကျောင်းတော်ကြီးကဆုတောင်းပေးလိုက်ရပါတယ်ရှင်😊 🇲🇲မြန်မာနိုင်ငံအတွက် အားထားရဆုံး ဘဏ်လုပ်ငန်းပညာရှင်တစ်ဦးဖြစ်ဖို့ ကြိုးစားနေတဲ့ ဦးသူရမောင်နဲ့အတူ MIC ကျောင်းတော်ကြီးကနေ ဘဝ၊ အောင်မြင်မှုအိပ်မက်တွေကို စပြီးအကောင်ထည်ဖော်တော့မယ့် လူငယ်များအားလုံးကို နွေးထွေးစွာနဲ့ ကြိုဆိုလိုက်ရပါတယ်ရှင်😊 🇲🇲မြန်မာလူငယ်များရဲ့ အိပ်မက်တွေနဲ့ စစ်မှန်သောပညာရေးအတွက် အမြဲအသင့်ရှိနေလျှက် လေးစားစွာဖြင့်- Myanmar Imperial College🇲🇲

Talk-4 (To the Dreams – Thet Htar Thuzar @ Thae Thae)

🌟“အောင်မြင်မှုအတွက် ဝါသနာပါတဲ့အရာတစ်ခုကို ရည်မှန်းချက်ရှိနေသရွေ့ အတက်နိုင်ဆုံးကြိုးစားပြီး ရောက်အောင်သွားရမှာပါ..”🌟 - သက်ထားသူဇာ မြန်မာနိုင်ငံကြက်တောင်လက်ရွေးစင်🇲🇲 BA (Hons;) Business and Management Myanmar Imperial College 🌟အခက်အခဲတွေကြားထဲက ထူးချွန်အောင်မြင်အောင်ကြိုးစားလာခဲ့တဲ့ ကျွန်မတို့အားလုံး ဂုဏ်ယူရတဲ့ မြန်မာအမျိုးသမီးငယ်လေး သက်ထားသူဇာ🌟 အိပ်မက်များဆီသို့..🌟 🇲🇲🏆ကျွန်မတို့ Myanmar Imperial College ကျောင်းတော်ကြီးရဲ့ Imperian တစ်ဦးဖြစ်တဲ့အပြင် ကျွန်မတို့ မြန်မာနိုင်ငံအတွက် ကြိုးစားပေးနေတဲ့ ကြက်တောင်အားကစားနဲ့ထူးချွန်လွန်းတဲ့ ကျွန်မတို့အားလုံးချစ်ရတဲ့ ညီမလေး သက်ထားသူဇာ @ သဲသဲ ကိုယ်တိုင်ပြောပြပေးထားတဲ့- ✨သူမပြောတဲ့သူမရဲ့အကြောင်းနဲ့ သူမ ချစ်တဲ့ကျောင်းတော်ကြီးအကြောင်းကို ဘယ်လိုမျှဝေပေးခဲ့လဲ... ဆိုတာတွေကို ဒီ video လေးထဲမှာ သဲသဲကိုယ်တိုင် သူမချစ်တဲ့သူတွေ သူမကိုချစ်တဲ့သူတွေအတွက် ပြောပြပေးထားပါတယ်..😊 အိပ်မက်တွေနဲ့ပျော်ပါစေ ညီမလေး သဲသဲရေ..❤️ သူမချစ်တဲ့ သူမကိုချစ်တဲ့ကျောင်းတော်ကြီးကနေ အောင်မြင်မှုတွေ အများကြီးဆက်လက်ရယူပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်..🇲🇲 🇲🇲😇မြန်မာနိုင်ငံမှ လူငယ်များအားလုံးလည်းအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး အနာဂါတ်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်ပါစေလို့ Myanmar Imperial College ကျောင်းတော်ကြီးကဆုတောင်းပေးလိုက်ရပါတယ်ရှင်😊 လေးစားစွာဖြင့် - Myanmar Imperial College - MIC🇲🇲

Talk-5 (Youths, Dreams and Education – Mrs. Poht Poht Kyi)

တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသူ လူငယ်တွေအနေနဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားမှာ နောက်ကျမကျန်ခဲ့ဘဲ အောင်မြင်ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပညာရေးနဲ့ဘယ်လိုပုံဖော်ကြမလဲဆိုတဲ့ “လူငယ်၊ အိပ်မက်နှင့် ပညာရေး “စကားဝိုင်း... ဒီစကားဝိုင်းလေးမှာ - ဒီအချိန်မှာ လူငယ်တွေအသိချင်ဆုံးဖြစ်မယ့် မေးခွန်းလေးတွေကို Myanmar Imperial College ကျောင်းတော်ကြီးရဲ့ တည်ထောင်သူ မပို့ပို့ကြည် ကိုယ်တိုင်က သူမရဲ့ လူငယ်ဘဝအတွေ့အကြုံများဖြစ်တဲ့သူမ MIC ကျောင်းတော်ကြီးကို တည်ထာင်ခဲ့တဲ့အချိန် ၁၈ နှစ်အတွင်းမှာ ကျင့်သုံးလိုက်နာခဲ့တဲ့ ဆောင်ရန်အလေ့အကျင့်များနဲ့အတူ ရှောင်ရန်အလေ့အကျင့်များ လူငယ်တွေ အိပ်မက်နဲ့အောင်မြင်မှု နဲ့ ဘဝအတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ? ဘာတွေပြင်ဆင်သင့်လဲ? လူငယ်တွေ အောင်မြင်ပျော်ရွှင်ပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချဖို့ ဘာတွေတွေးပြီး ဘာတွေလုပ်သင့်လဲ? လူငယ်တွေ ဘဝရဲ့တဆစ်ချိုးဖြစ်တဲ့ ဆယ်တန်းကိုအောင်မြင်ပြီးတဲ့အချိန်မှာ ဘာတွေဆက်လုပ်ကြမှာလဲ? အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် အနာဂတ်အိပ်မက်တွေအတွက် ဘာတွေစီစဉ်ပြီးပြီလဲ? ဘာတွေပြင်ဆင်သင့်လဲ? လူငယ်ဘဝမှာဘယ်လို ပညာကိုအကျိုးရှိရှိလေ့လာသင်ယူပြီး အောင်မြင်မှုအိပ်မက်တွေကို ပညာရေးနဲ့ ဘယ်လိုဖန်တီးကြမလဲ? အခက်အခဲနဲ့စိန်ခေါ်မှုတွေကြားမှာ အောင်မြင်မှု အိပ်မက်တွေဆီကို ဘယ်လိုအရောက်လှမ်းမလဲ? အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက် Myanmar Imperial College မှာတက်လို့ရတဲ့ Bachelor in Business Management, Bachelor in Marketing Management, Bachelor in Hospitality and Tourism Management, MBA နဲ့ အချိန် ၆လသာပေးရတဲ့ Marketing, Management and Leadership နဲ့ Operation Management ဆိုင်ရာ Executive Diploma Programme တွေအကြောင်းအသေးစိတ်ပြောပြသွားမှာပါ... မြန်မာလူငယ်များအားလုံးရဲ့ စစ်မှန်ခိုင်မာတဲ့ပညာရေးအတွက် အမြဲအသင့်ရှိနေလျှက်… ချစ်တဲ့ မပို့ ❤️

IMPERIAL ARTICLES

Our beloved Founder, Mrs. Poht Poht Kyi being one of the most inspirational figures in Myanmar has a deep passion to aid and support our youths in our society and country for their dreams to come true. In achieving it, she heartily shares all of her knowledge, experiences, insights, and inspirations with youths and the society to positively contribute to the development of youths uplifting their motivation and inspirations. Initiatively led by our Founder, Mrs. Poht Poht Kyi herself, we hope that these articles would serve as the ladders and bridges to great motivation, inspiration, and success recipe for everyone in achieving your brightest dreams and success.

Article-1 (How to deal with failure – Mrs. Poht Poht Kyi)

"အရှုံးကို ရင်မဆိုင်ရဲတဲ့သူအတွက် အနိုင်ဆိုတာရှိလာမှာမဟုတ်ဘူးလေ " အခက်အခဲတွေ အရှုံးတွေ ဝေဖန်မှုတွေစိန်ခေါ်မှုတွေကို ယုံကြည်ချက်ရယ် ကြိုးစားမှုရယ် သင်ယူမှုရယ် နောက်မဆုတ်ဘဲရှေ့ဆက်မှုတွေကနေတစ်ဆင့် အောင်မြင်မှုအိပ်မက်ကိုရောက်အောင်သွားရမှာက ကျွန်မတို့ တာဝန်ပါ အောင်မြင်မှု အိပ်မက်နဲ့ အခက်အခဲက အမြဲယှဉ်တွဲနေတဲ့အရာတွေပါ အဲဒီထဲကမှ တစ်ခုထဲလိုချင်လို့မရဘူးလေနော်။အဲဒါကြောင့် အောင်မြင်မှုခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ အရှုံးတွေလဲရှိမယ် အခက်အခဲတွေလဲရှိမယ် ဝေဖန်မှုတွေလဲရှိမယ် ပျော်ရွှင်မှုတွေလဲ သေချာပေါက်ရှိမယ်ဆိုတာ ကြိုတင်မျှော်လင့် ပြင်ဆင်ထားပါ။ဘယ်လိုအခက်အခဲတွေနဲ့ဘဲ တွေ့တွေ့ ယုံကြည်ချက် အိပ်မက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့လို့။ ကြိုးစားမှုတွေနဲ့ဘဲ အမြဲရှေ့ဆက်နေဖို့ကိုရွေးချယ်ပါ။ ချစ်တဲ့ မပို့ ❤️

Article-2 (Passion – Mrs. Poht Poht Kyi)

ရူးသွပ်စွာနဲ့စတင်ပါ။ရူးသွပ်စွာနဲ့ သင်ယူပါ။ရူးသွပ်စွာနဲ့ကြိုးစားပြီး ရူးသွပ်စွာနဲ့ရှေ့ဆက်ပါ။ လောကကြီးမှာ အောင်မြင်မှုအတွက် အရေးကြီးတာက ကိုယ်လုပ်နေတဲ့အလုပ်ကို တိကျသေချာစွာသိရှိပြီး အမြဲလေ့လာစူးစမ်းနေဖို့ပါ။ကိုယ်လုပ်နေတဲ့အလုပ်ကို တိကျသေချာစွာသိရှိနေတဲ့သူတစ်ယောက်က ၁/ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်။ နေ့ရက်တိုင်းမှာ ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိရှိနေတော့ အောင်မြင်ဖို့လဲရာခိုင်နှုန်းပိုများပါတယ်။ ၂/ကိုယ်သိတာ ကိုယ်မသိတာ ကိုယ်အားနည်းတာ ကိုယ်အားသာတာ သိရှိနေတဲ့အတွက် ဘယ်နေရာကိုဖြည့်ရမလဲ ဘယ်နေရာကို မွှန်းရမလဲ ဘယ်အရာကို ရှောင်ရမယ်သိနေတော့နေ့ရက်တိုင်းက ဆန်းစစ်မှု သင်ယူမှုလေ့လာမှုတွေ ကြိုးစားမှုတွေနဲ့ပြည့်စုံနေမှာပါ။ ကိုယ်လုပ်နေတဲ့အလုပ်ကို တိကျသေချာစွာသိရှိနေတဲ့သူတစ်ယောက်ဖြစ်ချင်ရင် ၁/ မှိုင်တွေပြီး ဘာမှမသိပါဘူး ဘာလုပ်လုပ်အဆင်မပြေပါဘူးဆိုပြီး ထိုင်ပြီး စိတ်ညစ်တဲ့အလုပ်ကိုဘဲလုပ်မနေပါနဲ့ ၂/ ဒီနေ့ကစပြီး စဉ်းစားပါ။ကိုယ့် အလုပ်အတွက် ကိုယ်ဘာတွေသိသင့်တာလဲ။ဘာတွေတက်သင့်တာလဲ။ ဘယ်သူ့ဆီကသင်ရမလဲ။ ဘယ်လိုလေ့လာသင့်လဲ။ ဘာစာအုပ်ဖတ်သင့်လဲ။ ၃/အချိန်ဆွဲတာ ရပ်လိုက်ပါ ဒီနေ့ဘဲ စလုပ်ဖို့ Notebook တစ်အုပ်နဲ့ Plan စရေးပါ ၄/ တစ်လစာ plan တစ်လမှာ ငါဘာတွေ ရအောင်လုပ်မယ်ဆိုတဲ့ဆုံးဘဖြတ်ချက် ၅ ခုကို ချရေးလိုက်ပါ။ ၅/တကယ် စနစ်တကျ အချိန်ပေးပြီးလေ့လာပါ။Internet ကို သုံးပြီးလဲ သေချာရှာဖွေပါ။စာအုပ်ဖတ်ပါ။တက်ကျွမ်းတဲ့သူတွေဆီမှာ သေချာ တပည့်ခံပြီး အချိန်ပေးလေ့လာပါ။အနည်းဆုံး ၄လ ကနေ ၆ လတော့လေ့လာရမယ်ထင်ပါတယ်။ ၆/ ငါ ဘာသင်သင်မရတော့ပါဘူးဆိုတဲ့ Fixed Mindset ကို ထားခဲ့လိုက်ပါတော့။သူတားဆီးထားလို့ အိပ်မက်တွေနဲ့ဝေးနေတာ။ ၇/ငါ ဘာသင်သင်ရတယ် ဘာသင်မယ် ဘာလုပ်မယ်ဆိုတာ စဉ်းစားဖို့ တကယ် စိတ်ရောကိုယ်ပါသင်ယူနေဖို့ နဲ့ ကြိုးစားဖို့ဘဲလိုတယ်ဆိုတဲ့ Growth Mindset အတွေးတွေကို မနက်တိုင်းတွေးပါ။ ၈/ရူးသွပ်စွာနဲ့စတင်ပါ။ရူးသွပ်စွာနဲ့ သင်ယူပါ။ရူးသွပ်စွာနဲ့ကြိုးစားပြီး ရူးသွပ်စွာနဲ့ရှေ့ဆက်ပါ။ ၉/ဘာလုပ်ရမှန်းမသိဘူးဆိုတာနဲ့အချိန်တွေမဖြုန်းပါနဲ့တော့ တစ်ခုခုကို စလုပ်လိုက်ပါ။စတင်လေ့လာပါ။သင်ယူပါ။ ကျွန်မတို့ သင်ယူမှုရပ်တန့်သွားတဲ့နေ့က အောင်မြင်မှုတွေ စပြီး ကျရှုံးသွားတဲ့နေ့ ကျွန်မတို့ဘဝတွေ စသေသွားတဲ့နေ့ဘဲ ကျွန်မတို့ဘဝတွေ အိပ်မက်တွေ အမြဲရှင်သန်နေအောင် သင်ယူမှုတွေကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့လို့..... ရူးသွပ်စွာနဲ့စတင်ပါ။ရူးသွပ်စွာနဲ့ သင်ယူပါ။ရူးသွပ်စွာနဲ့ကြိုးစားပြီး ရူးသွပ်စွာနဲ့ရှေ့ဆက်ပါလို့ ပြောချင်ပါတယ်ရှင်။ ဒီနေ့ဘဲ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်လုပ်မယ့်အလုပ်ကို တိတိကျကျသိဖို့ အချိန် ၂ လ လောက် အနည်းဆုံး ပေးပြီး သေသေချာချာ စတင်ကြည့်ရအောင်နော် အားလုံးဘဲ ကျန်းမာကြပါစေရှင် ချစ်တဲ့ မပို့ ❤️

Article-3 (Smile is all you need – Mrs. Poht Poht Kyi)

လောကဓံကြားမှာ အမြဲပြုံးထားမယ်.... လောကကြီးရဲ့ လောကဓံက နိမ့်လိုက်မြင့်လိုက် ပျော်လိုက် ဝမ်းနည်းလိုက် အနိမ့်ဆိုတာလဲ အကြာကြီး မခံသလို အမြင့်ဆိုတာလဲ အကြာကြီးမခံပါဘူး ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလဲရှိတယ် ချစ်တဲ့သူရှိသလို မုန်းတဲ့သူလဲရှိတယ် လိုတဲ့သူရှိသလို မလိုတဲ့သူလဲရှိတယ်။ အောင်မြင်တဲ့အချိန်တွေရှိသလို ရှုံးနိမ့်တဲ့အချိန်တွေလဲရှိတယ် ဒါလောကသဘာဝပေါ့ မငြိမ်သက်တဲ့ ထိန်းချုပ်ရခက်တဲ့လောကဓံရဲ့လှိုင်းလုံးတွေကြားမှာ ထိန်းချုပ်လို့ရတဲ့ ရင်ဘတ်ကမေတ္တာတရားတွေကိုပဲ အပြုံးလေးနဲ့ထိန်းသိမ်းထားတော့မယ်။ လောကဓံရဲ့ရိုက်ခတ်မှုတွေကြားမှာ ကျွန်မမြတ်နိုးတဲ့ မေတ္တာတရားရဲ့ အပြုံးလေးတွေပါသွားမှာစိုးလို့ အရာရာအပြုံးလေးနဲ့ပဲကြည့်တက်အောင်သင်ထားတယ် အမြဲ ပြုံးထားမယ် လောကဓံရဲ့ လှိုင်းလုံးတွေကြားမှာ ကျွန်မမြတ်နိုးတဲ့မေတ္တာတရားတွေပါသွားမှာစိုးလို့ပါ ချစ်တဲ့ မပို့ ❤️

Article-4 (Compassion – Mrs. Poht Poht Kyi)

ရင့်ကျက်လာတဲ့အခါ မေတ္တာတရားက လျှို့ဝှက်ချက်ဘဲ။ဒါ့ကြောင့် ဘာဘဲကြုံကြုံ ဘယ်လိုအခက်အခဲတွေဘဲတွေ့တွေ့ မေတ္တာတရားရင်ထဲထားပြီး အမုန်းမပွားဖို့ကို ခဏခဏ သိတိပေးတက်လာတယ်။ ရင့်ကျက်လာတဲ့အခါ ပူလောင်ရှုတ်ထွေးတဲ့ ပတ်ဝန်းကျင်ထက် ရှင်းလင်းဖြူစင်တဲ့နေရာမှာ ပိုနေချင်လာတယ်။ရှင်းလင်းဖြူစင်တဲ့သူတွေရဲ့တန်ဖိုးကို ပိုသိလာတယ်။လောကကြီးမှာ တကယ့်ကို ပျော်ရွှင်ငြိမ်းချမ်းချင်ရင်ဆိုတဲ့ လှို့ဝှက်ချက်ကို ရှာမိတယ်။နေ့စဉ် ကျွန်မတို့တွေ လှုပ်ရှားသွားလာ အလုပ်လုပ်ကိုင်တဲ့အချိန်မှာ သိသိရက်နဲ့ရော မသိလိုက်မသိဘာသာရော တွေ့ရတဲ့ အပူအပင်တွေ မကောင်းတဲ့စိတ်တွေ အမုန်းတရားတွေက များလှပါတယ်။ သိပြီးတစ်မျိုးမသိပြီး တစ်မျိုး အမျိုးမျိုးသောပူလောင်မှုတွေနဲ့ ပူလောင်လှပါတယ်ရှင်။အဲဒီ ပူလောင်မှုတွေ အမုန်းတွေ အခက်အခဲတွေ ၊ ကိုယ့်ကို မလိုတဲ့သူတွေ ၊ကိုယ်နဲ့အဆင်မပြေတဲ့သူတွေ ၊အခက်အခဲတွေကြားမှာ ငြိမ်းချမ်းအောင်နဲ့ တကယ့် အောင်မြင်မှု ကို အရောက်သွားတဲ့အခါမှာ မေတ္တာတရာရဲ့တန်ဖိုးကို ပိုနားလည်လာတယ် သူများ မုန်းတိုင်းမုန်းရင်သူများရဲ့ပူလောင်မှု နဲ့သူများရဲ့အကုသိုလ်က ကိုယ့်ဆီကို ကူးလာပါတယ် ။ သူများ မဟုတ်တာလုပ်လို့ ကိုယ်လိုက်လုပ်မိရင် ကိုာ့်တန်ဖိုးက သူ့အတွက်ကျသွားတက်ပါတယ်။ ပြီးတော့ မကောင်းတာတစ်ခု အမုန်းစကားတစ်ခုပြောတော့မယ်ဆို မကောင်းစိတ်က အရင်သူ့အတွက် ရင်ထဲထားရမှာဆိုတော့ ဖြူစင်တဲ့ ကျွန်မတို့ရဲ့စိတ်လေးတွေ ညစ်နွမ်းသွားတက်ပါတယ်။ အဲဒါကြောင့် အမုန်းတရားတွေအစား ချစ်ခြင်းမေတ္တာတရားတွေဘဲရင်ထဲထားရအောင်နော် မေတ္တာတရား ရင်ထဲထားရင် တကယ့်အကျိုးကျေးဇူးများကို ရေရှည်မှာခံစားရပါတယ်။ အနည်းဆုံးတို့ ကျွန်မတို့ငြိမ်းချမ်းပါတယ်ရှင် ချစ်တဲ့ မပို့ ❤️

Article-5 (When you face challenges – Mrs. Poht Poht Kyi)

တစ်ခါတစ်လေ ဘဝက အနိမ့်အမြင့် အတက်အကျများတယ် ဘဝရဲ့သင်ခန်းစာဖတ်စာအုပ်ပေါ့ တစ်ချို့အခန်းတွေက ပျော်စရာကောင်းသလိုတစ်ချို့အခန်းတွေက ဝမ်းနည်းစရာနဲ့ခက်ခဲတယ် ဘဝမှာ အခက်အခဲတွေ့တိုင်းလည်း စိတ်ညစ်ပြီး ငိုနေလို့မပြီးသလို အောင်မြင်နေတိုင်းလည်း ပျော်ရွှင်ပြီး ကြည်နူး မာန်တက်နေလို့မပြီးဘူးဆိုတာနားလည်လာတယ် အခက်အခဲတွေတွေ့လည်း ဘဝကပေးတဲ့သင်ခန်းစာလို့သတ်မှတ်ပြီး သင်ယူမယ် ပျော်ရွှင်မှုနဲ့ အောင်မြင်မှုရတဲ့အချိန်ကျရင်လဲ ဘဝက အခကိအခဲတွေကို သင်ယူလို့ ပြန်ပေးတဲ့လက်ဆောင်လို့သတ်မှတ်ပြီး ပျော်ရွှင်မယ် ကြည်နူးမယ် ဝေမျှမယ် ဒီလိုနဲ့ ဘဝရဲ့ သင်ခန်းစာတော်တော်များများကို ဖတ်ပြီးတဲ့အချိန်မှာ ရင့်ကျက်မှုဆိုတဲ့ဘွဲ့တစ်ခုရလာမှာပါ။ အဓိကကတော့ အခုရရှိထားတဲ့ ဒီနေ့မှာ တည်ငြိမ်ပျော်ရွှင်ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ဖို့ဘဲလေ ဘာရယ်မဟုတ်ပါဘူး ။အတွေးတစ်ခုပါ ဘာတွေဘဲဖြစ်ဖြစ် အမြဲတမ်းပြုံးထားပါလို့နော် ဘဝရဲ့သင်ခန်းစာတွေအတွက်ပေါ့ ချစ်တဲ့ မပို့ ❤️




No.1, Zay Myauk Street, Phayar Gyi Ward, Dagon Township, Yangon, Myanmar.

+951 380 233-234 +959 732 10001

info@miu-education.com

Made in Myanmar High Society Co., Ltd.