How to deal with failure – Mrs. Poht Poht Kyi
"အရှုံးကို ရင်မဆိုင်ရဲတဲ့သူအတွက် အနိုင်ဆိုတာရှိလာမှာမဟုတ်ဘူးလေ " အခက်အခဲတွေ အရှုံးတွေ ဝေဖန်မှုတွေစိန်ခေါ်မှုတွေကို ယုံကြည်ချက်ရယ် ကြိုးစားမှုရယ် သင်ယူမှုရယ် နောက်မဆုတ်ဘဲရှေ့ဆက်မှုတွေကနေတစ်ဆင့် အောင်မြင်မှုအိပ်မက်ကိုရောက်အောင်သွားရမှာက ကျွန်မတို့ တာဝန်ပါ အောင်မြင်မှု အိပ်မက်နဲ့ အခက်အခဲက အမြဲယှဉ်တွဲနေတဲ့အရာတွေပါ အဲဒီထဲကမှ တစ်ခုထဲလိုချင်လို့မရဘူးလေနော်။အဲဒါကြောင့် အောင်မြင်မှုခရီးလမ်းကို လျှောက်လှမ်းတဲ့အခါ အရှုံးတွေလဲရှိမယ် အခက်အခဲတွေလဲရှိမယ် ဝေဖန်မှုတွေလဲရှိမယ် ပျော်ရွှင်မှုတွေလဲ သေချာပေါက်ရှိမယ်ဆိုတာ ကြိုတင်မျှော်လင့် ပြင်ဆင်ထားပါ။ဘယ်လိုအခက်အခဲတွေနဲ့ဘဲ တွေ့တွေ့ ယုံကြည်ချက် အိပ်မက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့လို့။ ကြိုးစားမှုတွေနဲ့ဘဲ အမြဲရှေ့ဆက်နေဖို့ကိုရွေးချယ်ပါ။ ချစ်တဲ့ မပို့ ❤️